Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် မြန်မာနိုင်ငံအဖျော်ယမကာကုန်သည်များအသင်း(MBMA)မှ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် မြန်မာနိုင်ငံ အဖျော်ယမကာကုန်သည်များ အသင်း(MBMA)မှ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်ကို အခွန်ပေးဆောင်ထားသည့် အရည်အသွေးပြည့်မီ ကောင်းမွန်သော ကုန်ပစ္စည်းများ တင်သွင်းရောင်းချသည့် ပြည်တွင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင်ကုန်သွယ်မှုမှ တရားဝင်ကုန်သွယ်မှုသို့ ကူးပြောင်းနိုင်ရေးနှင့် လုပ်ငန်း လိုင်စင် လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ၊ ကြုံတွေ့နေရသောအခက်အခဲများ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၂၂ ရက်