Skip to main content

ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးခင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးအောင်မင်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးခင်အေးတို့ မြန်မာနိုင်ငံအဖျော်ယမကာကုန်သည်များအသင်း (MBMA)မှ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးတို့ မြန်မာနိုင်ငံအဖျော်ယမကာ ကုန်သည်များအသင်း (MBMA)မှ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေးတို့သည် မြန်မာနိုင်ငံ အဖျော်ယမကာကုန်သည်များ အသင်း(MBMA)မှ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ဦးဆောင်သော အဖွဲ့ အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင်အဆောင်အမှတ်(I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဖျော်ယမကာကုန်သည်များ အသင်း(MBMA)မှ ဈေးကွက်အတွင်း ကြုံတွေ့ နေရသောအခက်အခဲများနှင့် နိုင်ငံတော်ကို အခွန်ပေးဆောင်ထားသည့် အရည်အသွေးပြည့်မီ ကောင်းမွန်သော ကုန်ပစ္စည်းများ တင်သွင်းရောင်းချသည့် ပြည်တွင်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌများက ပြန်လည်သုံးသပ် အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့် ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်