Skip to main content
ပထမအကြိမ်

အဆင့်၊ အမည်

ဗိုလ်မှူး ထွန်းထွန်းဦး

အခြားအမည်

ဖိုးသံချောင်း

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၆၈၈၁

လူမျိုး/ဘာသာ

ရခိုင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ အစန(နိုင်) ၀၀၁၈၇၅

မွေးသက္ကရာဇ်/အသက်

၁၇-၃-၁၉၇၃/ (၃၇)နှစ်

မွေးဖွားရာဇာတိ

အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (သမိုင်း) (Q)

လက်ရှိအလုပ်အကိုင်

အထက်တန်းနည်းပြ၊ အမှတ် (၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှထွန်း၊ ISN -၅၄၉၁၉၇၊ စစ်မှုထမ်း (ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ပု၊ CR -၀၀၂၈၄၅၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေးခိုင်၊ ၆/ထဝန(နိုင်)၀၀၄၀၅၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မပွင့်ဖြူအေး (ခ) မရွှေအိမ်စည်ဦး၊ (၈)နှစ်၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၅/၂/၁၄၈)၊ ရွှေလမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အင်းစိန်မြို့ အ-မ-က (၃၀)၊ အ-ထ-က (၃)နှင့် အ-ထ-က (၁)တို့တွင် သင်ကြားခဲ့သည်။ လားရှိုးကောလိပ်နှင့် ပဲခူးဒီဂရီကောလိပ်တို့တွင် တက်ရောက်ခဲ့ပြီး သမိုင်းဘာသာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့(Q) ရရှိခဲ့သည်။

ခမရ (၁၁၂)၊ ခလရ (၂၆၇) စဗခ၊ ခလရ(၄၈) ၊ခလရ (၂၆၆)နှင့် တတက(၅)တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ တေဇလူငယ်အဖွဲ့နှင့် ကြက်ခြေနီအသင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များ ရရှိခဲ့သည်။