Skip to main content

အမည်

ဦးဖြိုးဇေယျာသော်

အခြားအမည်

ဇေယျာသော်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လသန(နိုင်)၀၁၇၁၄၂

မွေးသက္ကရာဇ်/အသက်

၂၆-၃-၁၉၈၁/(၃၄)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

B.A (English)

လက်ရှိအလုပ်အကိုင်

ဂီတအနုပညာသမား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြသော် ၊ ၁၂/လသန(နိုင်)၀၁၂၄၁၀ ၊ ပါမောက္ခချုပ်(ငြိမ်း) ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဝင်းမေ ၊ ၁၂/လသန(နိုင်)၀၁၂၄၁၁၊ ကထိက ဌာနမှူး (ငြိမ်း) ၊ သွားနှင့် ခံတွင်း အထူးကုဌာန၊ ကုတင် (၃၀၀) သင်ကြားရေးဆေးရုံ(မန္တလေး)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃၅၅) ၊ ဗိုလ်အောင်ကျော်လမ်း ၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုဗ္ဗသီရိမြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်တွင် သင်ယူခဲ့ပြီး ၊ ရတနာပုံ အဝေးသင်တက္ကသိုလ် (မန္တလေး)မှ B.A(English)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် ဂီတအနုပညာလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။ Generation Wave မျိုးဆက်သစ်လူငယ်များ စတင်ထူထောင်သူ တစ်ဦးအပါအဝင် “ကမ်းလက်” သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာ ပေးရေးနှင့် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ Generation Wave ဖွဲ့စည်းခဲ့သည့်အတွက် အသင်းအဖွဲ့(၇/၈၈)၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄/၁)၊ ထောင်ဒဏ်(၄)နှစ် ပြစ်ဒဏ် ကျခံခဲ့ဖူးသည်။ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်(၂၈/၂၀၁၁)အရ ကော့သောင်းထောင်မှ ပြစ်ဒဏ် လွတ်မြောက် ခဲသည်။