Skip to main content


ဝန်းသိုမြို့နယ်တွင် ပြည်ထဲရေးအမည်ပေါက် ကျေးရွာပေါင်း ၁၇၉ ရွာရှိပြီး ယခုမေးခွန်းတွင် ပါဝင်သော ကျောက်ပါးစပ်ကျေးရွာအပါအဝင်ဆိုပါက ရွာပေါင်း ၁၈၀ ရှိမည်ဖြစ်ပါကြောင်း၊  ကျောက် ပါးစပ်ကျေးရွာသည် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများကို အမှီပြုပြီး ပေါ်လာသည့် ရွာတစ်ရွာ ဖြစ်ပြီး အဆိုပါ ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လွတ်လပ်ရေးမရခင်ခေတ်ကပင် စတင်၍ ယနေ့အထိ လုပ်ကိုင်နေကြဆဲဖြစ်ပါကြောင်း၊ ၁၉၉၀-၁၉၉၁ ခုနှစ်လောက်ခန့်စတင်၍ လူများ စတင်အခြေချ နေထိုင်လာခဲ့ပြီး ယခုဆိုလျှင် ရွာ၏ အခြေကျမှုသည် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောက်ပါးစပ်ကျေးရွာတွင် ယခုလက်ရှိ အိမ်ခြေ ၃၁၇ အိမ်၊ လူဦးရေ ၁၂၁၉ ဦး အခြေချနေ ထိုင်လျက်ရှိပြီး စေတီ၊ ဘုရား၊ ကျောင်းကန်များနှင့်ပြည့်စုံသည့် အခြေကျရွာကြီးတစ်ရွာဖြစ် နေပါကြောင်း၊  ကျောက်ပါးစပ်ကျေးရွာတွင် ကျောင်းသားဦးရေ ၂၄၂ ဦး ပညာသင်ကြားနေသည့် အလယ်တန်းကျောင်းခွဲတစ်ခုနှင့် ရဲကင်းတစ်ခုရှိသည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားမီးလင်းရေးစီမံကိန်းနှင့် ဆောင်ရွက်ထားသည့် မီးလင်းရေးကိစ္စများလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ များတွင်လည်း တောင်ကုန်းအုပ်စုမဲရုံသည် ကျောက်ပါးစပ်ကျေးရွာတွင် ဖွင့်လှစ်ပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျောက်ပါးစပ်ကျေးရွာရှိ မိဘပြည်သူများ လူထု တွေ့ဆုံပွဲလုပ်များပြုလုပ်သည့် အကြိမ်တိုင်း ကျောက်ပါးစပ်ကျေးရွာသည် တရားဝင်အသိ အမှတ်ပြုသည့် ကျေးရွာမဟုတ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြတောင်းဆိုရာတွင် အခက်အခဲရှိနေကြောင်းနှင့် တရားဝင်အသိအမှတ်ပြုကျေးရွာရရှိရေးအတွက် ၂၀၁၀ ခုနှစ်ကပင် စတင်ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး များမှ ဆောင်ရွက်ပေးပါရန် အကြိမ်ကြိမ်တင်ပြခဲ့ကြပါကြောင်း၊  
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းအုပ်စု၊ ကျောက်ပါးစပ် ကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ကျောက်ပါးစပ်ကျေးရွာသည် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စုအတွင်း တည် ရှိပြီး အရှေ့မြောက်ဘက်တွင် ပန်းတိမ်ကုန်းကျေးရွာနှင့် တောင်ကုန်းကျေးရွာ၊ အနောက်ဘက်တွင် မန်ကျည်းပင်ကျေးရွာအုပ်စု၊ တောင်ဘက်တွင် သက္ကယ်ကျင်းကျေးရွာ၊ မြောက်ဘက်တွင် ကျင်းကြီး ကျေးရွာအုပ်စုတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ဝန်းသိုမြို့နှင့် ၁၈ မိုင်ခန့်အကွာတွင် တည်ရှိ ပါကြောင်း၊ ကျောက်ပါးစပ်ကျေးရွာ၏ ဒေသန္တရအုပ်ချုပ်ရေးအနေဖြင့် ရာအိမ်မှူးတစ်ဦး၊ ဆယ် အိမ်မှူး ၁၂ ဦး ရှိပြီးတော့  ယခုအချိန်တွင် အိမ်ခြေ ၂၄၈ အိမ်၊ အိမ်ထောင်စု ၂၄၈ စု စုစုပေါင်း လူဦးရေ  ၁၁၇၀ ဦး နေထိုင်လျက်ရှိပါကြောင်း၊ 
ကျောက်ပါးစပ်ကျေးရွာကို တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အမှတ် (၁)သတ္တုတွင်းလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ တောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံများ ပါဝင်သည့်အဖွဲ့နှင့် မြေပြင်ကွင်းဆင်းတိုင်းတာဆောင်ရွက်ခဲ့ပြီး ရွာမြေခန့်မှန်းဧရိယာ ၆၀.၆ ဧကကို လျာထားခဲ့ရာ အဆိုပါဧရိယာထဲတွင် ပတ္တမြားနဂါးကုမ္ပဏီကို ခွင့်ပြုပေးထားသည့် အသေးစားလုပ်ကွက် ၅.၆၃ ဧက ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကျောက်ပါးစပ်ကျေးရွာမြေ အဖြစ် လျာထားခဲ့သည့် ခန့်မှန်းဧရိယာ ၆၀.၆ ဧကအတွင်း သတ္တုလုပ်ကွက်နှင့် မြေဧရိယာ ၅.၆၃ ဧက ထပ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းသည် ၃-၇-၂၀၁၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ကျေးရွာမြေအား ပြန်လည် စိစစ်တို င်းတာသွားရန် ဆုံးဖြတ်ချက်အရ ၇-၇-၂၀၁၉ ရက်နေ့တွင် ဝန်းသိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ကျေးရွာ တာဝန်ခံများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ကွင်းဆင်းတိုင်းတာခဲ့ရာ ရွာမြေစုစုပေါင်း မူလ လျာထား ခန့်မှန်းဧရိယာ ၆၀.၆ ဧကရှိခဲ့ရာမှ ၎င်းနေ့ထပ်မံတိုင်းတာမှုအရ စုစုပေါင်းဧရိယာဟာ ၅၇.၆၈ ဧကသာ ကျန်ရှိသည်ကို တိုင်းတာရရှိပါကြောင်း၊ မူလတိုင်းတာစဉ်က ပတ္တမြားနဂါးကုမ္ပဏီ လုပ်ကွက်အတွင်း ရွာမြေ ၅.၆၃ ဧကပါဝင်ခဲ့သော်လည်း ယခုထပ်မံတိုင်းတာသည့်အခါ ၎င်းကုမ္ပဏီ လုပ်ကွက်အတွင်း ပါဝင်နေသည့် နေအိမ်များပါရှိမြေကိုပါ ရွာမြေအဖြစ် ထည့်သွင်းသတ်မှတ်ပေးရန် ကုမ္ပဏီ တာဝန်ခံ အား ညှိနှိုင်းချက်အရ ကုမ္ပဏီလုပ်ကွက်မြေမှ ၂.၆၆ ဧကသာ ပါဝင်မည်ဖြစ်သည်ကို သိရှိရပါကြောင်း၊
အဆိုပါထပ်နေသည့် မြေ ၂.၆၆ ဧကကို လုပ်ကွက်ဧရိယာ ပယ်ဖျက်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရရှိရေးအတွက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း တာဝန်ခံ အရာ ရှိမှ အဆင့်ဆင့်တင်ပြခဲ့ရာမှာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ နေပြည်တော်(ရုံးချုပ်)မှ ကျေးရွာမြေ အဖြစ်သတ်မှတ်မည့် မြေဧရိယာနှင့်ထပ်နေသည့် လုပ်ကွက်မြေဧရိယာတို့ကို မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ကုမ္ပဏီ၏ သဘောထားမှတ်ချက်နှင့်တကွ ပြန်လည် တင်ပြရန် ညွှန်ကြားခဲ့သဖြင့် ဝန်းသိုမြို့နယ်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း တာဝန်ခံအရာရှိနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျောက်ပါးစပ်ကျေးရွာတာဝန်ခံ တို့ပါဝင်တဲ့အဖွဲ့နှင့် ၉-၉-၂၀၁၉ ရက်နေ့တွင် အဆိုပါမြေနေရာကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီ ထံသို့လည်း သဘောထားမှတ်ချက်တင်ပြနိုင်ရေး အကြောင်းကြားထားပြီးဖြစ်သည်ကို သိရှိရပါ ကြောင်း၊ ၎င်းအပြင် ကျောက်ပါးစပ်ကျေးရွာမြေအဖြစ် လျာထားသတ်မှတ်ထားသည့် မြေဧရိယာ အတွင်း ကုမ္ပဏီလုပ်ကွက်များ၏ ခွင့်ပြုတိုင်းတာသတ်မှတ်ထားသည့် အမှတ်များနှင့် ထပ်နေခြင်း ကြောင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ကုမ္ပဏီနှင့်တွေ့ဆုံညှိနှိုင်းခြင်း၊ အထွေထွေမန်နေဂျာရုံးသို့ ဖုန်းဖြင့် တင်ပြညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ 
သို့ဖြစ်ပါ၍ ကျောက်ပါးစပ်ကျေးရွာအား တရားဝင်အမည်ပေါက်ကျေးရွာ အဖြစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ရရှိပါက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ညှိနှိုင်းပြီး ကျေးရွာသစ်ဖွဲ့စည်းခြင်း အမှုတွဲအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။