Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် BowerGroupAsia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် BowerGroupAsia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်စေရန် နည်းပညာကဏ္ဍ အသုံးချနိုင်မှု စွမ်းရည်မြှင့်တင်နိုင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။       

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်