ပြည်သူ့လွှတ်တော်၊ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း WFD ၏ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အား လက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း WFD ၏ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် WFD အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အား ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌  လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပဋိဇီဝဆေးဝါးများ မှာယူတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအစီရင်ခံစာ နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲပြုလုပ်မည့် အစီအစဉ်များနှင့် ပြည်သူလူထု အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်