စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးရန်လင်း စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအပြည်ပြည်ဆိုင်ရာနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအထောက်အကူပြုစေတနာ့ဝန်ထမ်းများအဖွဲ့အားလက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးရန်လင်း စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအပြည်ပြည်ဆိုင်ရာနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအထောက်အကူပြုစေတနာ့ဝန်ထမ်းများအဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အထောက်အကူပြုစေတနာ့ဝန်ထမ်းများ (ACDI/ VOCA INGO) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အထောက်အကူပြုစေတနာ့ဝန်ထမ်းများ (ACDI/ VOCA INGO) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးနှင့်လူမှုဘဝမြှင့်တင်ရေး၊ ကဏ္ဍစုံမှ ကုန်ထုတ်လုပ် မှုများ တိုးတက်ရေး၊ စိုက်ပျိုးရေးဝန်ဆောင်မှုနှင့်သွင်းအားစုများ ရရှိစေရေးတို့အတွက် အမေရိကန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ထွက်ကုန် အစားအစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား ငါးနှစ်တာအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်