ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Eurocham Myanmar အဖွဲ့အား လက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Eurocham Myanmar အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် Eurocham Myanmar အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံရာတွင် မြန်မာ-ဥရောပ ကုန်သွယ်မှုပိုမိုတိုးတက်လာရေး၊ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေးအတွက် အဓိကထား ဆောင်ရွက်နေမှုများ၊ Eurocham Myanmar အနေဖြင့်ကြုံတွေ့နေရသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲ များနှင့် မော်တော်ကား တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီအဖွဲ့ဝင် များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်