ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း မြန်မာ့ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း (Myanmar Tobacco Association) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း မြန်မာ့ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း (Myanmar Tobacco Association) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် မြန်မာ့ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း (Myanmar Tobacco Association) မှ တာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် ( I-13 ) အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ့ဆေးလိပ်နှင့်ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း (Myanmar Tobacco Association) မှ ဆေးလိပ်ထုတ်လုပ်မှု၊ စီးကရက်ထုတ်လုပ်မှု၊ ဆေးပေါ့လိပ်ထုတ်လုပ်မှု စသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခွန်အခနှင့်ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြောင်းအရာကိစ္စ ရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော e-Cigarette နှင့်ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးကြ ပါသည်။ အခွန်အခထမ်းဆောင်နေသော လုပ်ငန်းများအပြင် အခွန်အခထမ်းဆောင်ရန် ပျက်ကွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်း၊ ပြည်သူ့ငွေစာရင်းကော်မတီမှ ဦးကျော်တင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်