ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ် (AFFM) အား လက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ် (AFFM) အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ် (AFFM) အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်မှချမှတ်ကျင့်သုံးလျက်ရှိသော မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး သမဂ္ဂအဖွဲ့ချုပ် (AFFM) က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကော်မတီနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဉီးမောင်မောင်ဉီးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်