ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် ဦးဆော်ရယ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် ဦးဆော်ရယ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် သည် ဦးဆော်ရယ် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မြေနီကုန်းကျေးရွာမှ ရပ်မိရပ်ဖ အကျိုးဆောင် တောင်သူကိုယ်စားလှယ်များမှ မိမိတို့၏ သိမ်းဆည်းခံရသောလယ်ယာမြေများ ပြန်လည်ရရှိနိုင် စေရေးနှင့် တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင် များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်