Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Sarah Grebowski အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Sarah Grebowski အား ယနေ့ မွန်းလွဲ    နာရီခွဲအချိန်၌ နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) ကော်မတီအစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံရာတွင် ဥပဒေပြုပုံအဆင့်ဆင့်နှင့် ကော်မတီ၏လုပ်ငန်းတာဝန်များအား ကော်မတီမှ ရှင်းလင်း တင်ပြပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်