Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Total E&P MYANMAR အဖွဲ့အား လက်ခံတွေ့ဆုံ      

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Total E&P MYANMAR အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် Total E&P MYANMAR မှ ကံပေါက်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လျှပ်စစ်နှင့်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းလုပ်ငန်းစဉ်များ၊ လက်ရှိစီမံကိန်း အခြေ အနေများနှင့် စီမံကိန်းတွင် အသုံးပြုမည့် နည်းပညာ အချက်အလက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ  ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။       

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်