Skip to main content

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် Alot System ကုမ္ပဏီအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် သည် Alot System ကုမ္ပဏီအဖွဲ့အား ယနေ့ မွန်းလွဲ  ၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် အောင်ဘာလေ ထီစနစ်အား e-lottery အဆင့်သို့ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ နည်းဗျူဟာများနှင့်စပ်လျဉ်းပြီး  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။     

၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၂၈ ရက်