Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် ILO အကြံပေးဖြစ်သူ Mr.Marius Olivier လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် သည် ILO အကြံပေးဖြစ်သူ Mr.Marius Olivier ဉီးဆောင်သောအဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင်  နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ များပြားလာပါက အလုပ်သမားများအတွက် ပြည်တွင်းအလုပ်အကိုင်ပိုမိုရရှိနိုင်မည့် အခွင့်အလမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝ ပြေလည်စေရေးအတွက် လူမှုဖူလုံရေးကိစ္စရပ်များနှင့် ပြည်ပရွှေ့ပြောင်း အလုပ်သမားများအား ကူညီစောင့်ရှောက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်