Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Ms.Che Xiulan ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွဋ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယဥက္ကဋ္ဌ Ms.Che Xiulan ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် ရေးနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းကိစ္စရပ် များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။         

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်