Skip to main content

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့်အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့်အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဥပဒေပြုရေး လုပ်ငန်းစဉ်၌ ဆောင်ရွက်နေသည့် လွှတ်တော်၏ အခန်းကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်