Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် (တနင်္လာနေ့) နံနက်       ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှု များ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့ လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ (I-12) သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် (စနေနေ့) ထက်မစော၊ နိုဝင်ဘာလ ၃ ရက် (တနင်္ဂနွေနေ့) ထက်နောက်မကျစေဘဲ ရုံးချိန် အတွင်း သတင်း ပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်