Skip to main content

ပြည်သူ့လွှတ်တော်သို့ နည်းပညာ တက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ လာရောက် လေ့လာကြည့်ရှု

ပြည်သူ့လွှတ်တော်သို့ နည်းပညာ တက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ / ဌာနမှူး ဒေါက်တာနှင်းအေးခိုင် ဦးဆောင်သည့် ဆရာမများ နှင့် (၂၀၁၈ -၂၀၁၉) ပညာသင်နှစ် ဒုတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္စမနှစ် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦး တို့သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လာရောက်လေ့လာခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လွှတ်တော် ဧည့်ခံကြိုဆိုရေး အဆောင်တွင် ကြိုဆိုပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာ ပိုင်းဆိုင်ရာများကို ရှင်းလင်းပြသ ပြောကြားခဲ့ပါသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၅၇၄၁၂ ဦးနှင့် ပြည်ပဧည့်သည် ၂၃၀၁ ဦး၊ စုစုပေါင်းဧည့်သည်  ၅၉၇၁၃ ဦး ရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ လိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တို့ထံ လိပ်မူပြီး (၃) ရက် ကြိုတင် ပေးပို့နိုင်ပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်