Skip to main content

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း လူဇင်ဘတ်နိုင်ငံ အခြေစိုက် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB) မှ အာရှပစိဖိတ်ဒေသဆိုင်ရာဌာနမှူး Mrs. Angela Marcarino အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းသည် လူဇင်ဘတ်နိုင်ငံ အခြေစိုက် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဌာနမှူး Mrs. Angela Marcarino အား ယနေ့ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် EIB နှင့် မြန်မာနိုင်ငံတို့ အကြား လက်မှတ်ရေးထိုးခဲ့သည့် မူဘောင်သဘောတူညီချက်ပါ ကိစ္စရပ်များ၊ ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား သိရှိနိုင်ပါရန် လာရောက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဉီးခင်မောင်သန်း တက်ရောက်ခဲ့သည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်