Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။  

အခမ်းအနားသို့  အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော် ဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသား လွှတ်တော်ရုံးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လွှတ်တော်ရုံး အဆောက်အအုံသစ်အား အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး ဆောက်လုပ်ရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်ဋ္ဌေး၊ ဦးသက်ခိုင်၊ ဦးအေးကျော်နှင့် Kyaw Thar Engineering & Construction Group Co,Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့က လွှတ်တော်ရုံး အဆောက်အအုံသစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွှတ်တော် အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းကြသည်။

ဆက်လက်၍ လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပစ္စည်းများအား အပြန်အလှန်ပေးအပ်ကြရာ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ လွှတ်တော် ဥက္ကဋ္ဌများအား မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့အား မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက လည်းကောင်း အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က လွှတ်တော်အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် လွှတ်တော်ရုံး အဆောက်အအုံသစ် မျက်နှာစာတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး လွှတ်တော်ရုံး အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့သည် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသည် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားမှ အပြန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး တို့လိုက်ပါလျက် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ဝင်ရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအထိမ်းအမှတ် ညစာ စားပွဲကို ယမန်နေ့ညနေ ၆ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီးဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီးဒေါ်သိန်းယဉ်ချေ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ လွှတ်တော် ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများ၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်