Skip to main content

ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ ပညာရေး ဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများ၊ ဝန်ထမ်း ခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပူပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌမှ ပြန်လည် သုံးသပ် အကြံပြုဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ရက်