Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Trible Circle Industry Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်မော်မော်သိန်း ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Trible Circle Industry Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်မော်မော်သိန်း ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Trible Circle Industry Co.,Ltd မှ ထုတ်လုပ်သော Gold Mount Wire & Cable နှင့် အဆင့်မြင့် wire & cable ကြိုးအမျိုးအစားများ ထုတ်လုပ်နေမှုများ၊ အသုံးပြုဆောင်ရွက် နေသောနည်းပညာများ၊ စက်ပစ္စည်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်