Skip to main content

ပြည်သူ့လွှတ်တော်၊နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ လူမှုကူညီရေးအသင်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ လူမှုကူညီရေးအသင်းအား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များက ဓာတ်ခွဲခန်းကျွမ်းကျင်သူ လုပ်သက်ရင့် ဝန်ထမ်းများအား ရာထူးတိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် များမှ ပြန်လည် အကြံပြု ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်