Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင်သော ပါတီ (၁၅) ခုမှ အမျိုးသမီးပါတီဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင်သော ပါတီ (၁၅) ခုမှ အမျိုးသမီးပါတီဝင်များအား ယနေ့ မွန်းလွဲ  ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌက ကော်မတီ၏ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားပြီး အမျိုးသမီးပါတီဝင်များမှ အမျိုးသမီးနှင့် ကလေးသူငယ် အကြမ်းဖက်မှုများ၊ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ မေးမြန်းခဲ့ သည်များကို ကော်မတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန္ဒီ တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်