Skip to main content

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူ ဦးဆောင်သောအဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူ ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ၊ အဆောင် အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ အကောင်အထည်ဖော် ဆောင်ရွက် နေသော လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေါင်းဆောင်မှု သင်တန်းများ၊ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးသည့် လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ဥပဒေမူကြမ်း ထွက်ပေါ်လာရေးနှင့် Gender responsive budget ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်