Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင် အမှတ် (I-5) ၌လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေးကော်မရှင် ဥပဒေနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြ၍ ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီ အဖွဲ့ဝင် များတက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်