Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ရန်ကုန်မြို့၊ အမေရိကန် သံရုံး၌ လူ့အခွင့်အရေးနှင့် လူမျိုးရေးပဋိပက္ခဆိုင်ရာ အရာထမ်း၊ ဒုတိယအတွင်းဝန်/ ဒုတိယ ကောင်စစ် ဝန်ဖြစ်သူ Mr. John Ryan အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် ရန်ကုန်မြို့၊ အမေရိကန်သံရုံး၌ လူ့အခွင့်အရေးနှင့် လူမျိုးရေးပဋိပက္ခဆိုင်ရာ အရာထမ်း၊ ဒုတိယ အတွင်းဝန်/ ဒုတိယကောင်စစ်ဝန်ဖြစ်သူ Mr. John Ryan အား ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီ၏ တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းတာဝန်များနှင့် ဥပဒေရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၇ ရက်