Skip to main content

ပြည်သူ့လွှတ်တော်၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း ရွှေမြေကြီး ကိုယ့်အားကိုယ်ကိုးဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် ရွှေမြေကြီး ကိုယ့်အားကိုယ်ကိုးဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်ကျော် ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လုပ်ဆောင်လျက်ရှိသော အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာ များဖြင့် ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၊ လုပ်ငန်းအတွေ့အကြုံများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်