Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း Westminster Foundation Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် Westminster Foundation Democracy (WFD) မှ အကြံပေး ပုဂ္ဂိုလ် Sir Hugh Bayley အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင် အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီမှ တာဝန်ယူဆောင်ရွက်နေရသော ဥပဒေရေးရာကိစ္စရပ်များ၊ အပြန်အလှန် ထိန်းညှိခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ WFD အနေဖြင့် ကော်မတီအား ဆက်လက်အကြံပေး ဆွေးနွေး လေ့ကျင့်မှုများ ပြုလုပ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ တင်ဋ္ဌေးအောင်နှင့် ဒေါက်တာ သန်းအောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်