Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne ဦးဆောင်သောအဖွဲ့အ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အာရှ - ပစိဖိတ်ဒေသအတွင်း ကော်မရှင်၏ ပါဝင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာ လုပ်ငန်းစဉ် (၂၀၂၀ - ၂၀၂၄) နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်