Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆားဗီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Miodrag Nikolin အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆားဗီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Miodrag Nikolin အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဆားဗီးယား - မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆားဗီးယားသမ္မတနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပပြုလုပ်မည့် (၁၄၁)ကြိမ်မြောက် Inter-Parliamentary Union (IPU) အစည်းအဝေး တက်ရောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်