Skip to main content

ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်  သန္ဓီအုပ်ချုပ်စီမံမှုအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ဝင်းအား လက်ခံတွေ့ဆုံ    

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် သန္ဓီအုပ်ချုပ်စီမံမှုအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ဝင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံအဆောက်အဦ လိုအပ်ချက်များကိုဖြေရှင်းရန် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public – Private Partnership in Infrastructure Development Workshop, PPP) နည်းလမ်းများ နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို   ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်