Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းလိုသော အချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေရေးရာကိစ္စရပ် များအား တင်ပြဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်