Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း WFD မှ Sir Hugh Bayley ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် WFD မှ Sir Hugh Bayley ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I–13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဆေးဝါးဝယ်ယူ တင်သွင်းဖြန့်ဖြူးရေးနှင့် ပဋိဇီဝဆေးသုံးစွဲမှုဆိုင်ရာ ဆွေးနွေးပွဲရလဒ်များ နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်