Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း မှ ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း မှ ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံရာတွင် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း မှ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊အသစ်ပြဋ္ဌာန်းလိုသော အချက်များအား တင်ပြဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များတက် ရောက်ကြသည်။       

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်