Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ADB မှ Mr. Newin Sinsiri ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် ADB မှ Mr. Newin Sinsiri  ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကူးစက်ရောဂါမဟုတ်သည့် ရောဂါများတားဆီးကာကွယ်ခြင်းနှင့် ကုသခြင်း တိုးတက်မှုဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ADB ၏ ချေးငွေအထောက်အပံ့ဖြင့် မကူးစက်တတ်သော ရောဂါများတွင်ပါဝင်သည့် ကင်ဆာရောဂါအမျိုးမျိုးအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ခြင်း လုပ်ငန်းများ၊ လိုအပ်သည့်ကုသရေးဆိုင်ရာ စက်ကိရိယာများ ဝယ်ယူခြင်းများနှင့် အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်