Skip to main content

ပြည်သူ့လွှတ်တော်၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့အခြေစိုက် Earth System Co., Ltd မှ Southeast Asia Operation Director Mr. Chris Smithies နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့အခြေစိုက် Earth System Co., Ltd မှ Southeast Asia Operation Director Mr. Chris Smithies နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ     ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တာ်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈ - ၂၀၃၀) တွင် Earth System အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဘူမိဗေဒပညာရပ်နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း လုပ်ငန်းများ၊ စွမ်းအင်နှင့် ကာဗွန်ဆိုင်ရာ နည်းပညာများ၊ နိုင်ငံတကာအကူအညီနှင့် ဖွံ့ဖြိုး တိုးတက်မှုဖော်ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကူညီပံ့ပိုးနိုင်ရန် တင်ပြဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက  သိရှိလိုသည်များကို မေးမြန်းကြရာ  Earth System မှ ပြန်လည် ရှင်းလင်း ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအေးနိုင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်