Skip to main content

ပြည်သူ့လွှတ်တော်၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းအာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံ တွေဆုံသည်။

တွေ့ဆုံရာတွင် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ၊ မျှော်မှန်းချက်ရလဒ်များ၊ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းမြို့နယ်များ စသည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးကြပြီး ကော်မတီ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြသည်။

အဆိုပါ တွေဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်