Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Telenor Myanmar Co.,Ltd မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Telenor Myanmar Co.,Ltd မှ တာဝန်ရှိသူများအား  ယနေ့ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် Telenor ကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ယက်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လုပ်ငန်းလိုင်စင်ရရှိပြီး ၅ နှစ်တာအတွင်း တိုးတက်ကောင်းမွန်လာသော လုပ်ငန်းအခြေအနေများ၊ USF ရန်ပုံငွေဖြင့် လူဦးရေနည်းပါးသော ဒေသများတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်နိုင်ရေး၊ MCRC ဥပဒေနှင့် ဆိုက်ဘာလုံခြုံရေး ဥပဒေများရေးဆွဲ ပြဌာန်းနိုင်ရေးနှင့်  Green Energy စနစ်ဖြင့် တာဝါတိုင်များအား စွမ်းအင်ပေးရန်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်