Skip to main content

ပြည်သူ့လွှတ်တော်ရုံး၊ ဝန်ထမ်းများစွမ်းရည်မြှင့်တင်မှုသင်တန်းကျင်းပ

 

ပြည်သူ့လွှတ်တော်ရုံး၊ လွှတ်တော်သုတေသနဆိုင်ရာသင်တန်းအား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် (B) ဆောင်၊ သင်တန်းခန်းမ၌ ၂၄-၆-၂၀၁၉ ရက်နေ့မှ ၂၇-၆-၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်း ၄၃ ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးတင်ဝင်းအောင်က တက်ရောက်အဖွင့် အမှာစကားပြောကြား၍ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC) အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ Parliamentary Institute of Cambodia (PIC)   မှ ပညာရှင် (၂) ဦးဖြစ်သည့် Mr.John Christopher နှင့် Mr. Kem Sothorn ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC)  အဖွဲ့ဝင် ဒေါ်အေးအေးမူ ၊ ပြည်သူ့လွှတ်တော်ရုံးမှ သုတေသနဌာနမှူး ဒေါက်တာမြတ်မိုး၊ သင်တန်းပို့ချသူတာဝန်ခံနည်းပြအဖြစ် Parliamentary Institute of Cambodia (PIC) မှ TOT သုတေသနဆရာအဖြစ် သင်တန်းတက်ရောက်အောင်မြင်ခဲ့သူ ဦးစီးအရာရှိ ဒေါ်ခိုင်စုရည်ဇော်မှ Introduction of Pariliamentary Research, Research Design, Data Collection, Literature Review, Communication, Summary Writing, Problem Analysis, Critical Thinking and Negotiation Skills စသည့် ဘာသာရပ်များကို ပို့ချခဲ့ပြီး PIC မှ ပညာရှင်(၂) ဦးဖြစ်သည့် Mr.John Christopher နှင့် Mr. Kem Sothorn တို့က ဆန်းစစ်အကဲဖြတ်ခဲ့ကြပြီး ထူးချွန်သူသင်တန်းသားနှင့် အကောင်းဆုံးအဖွဲ့ကို ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူ၊သားတို့သည် သုတေသနအမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်လုပ်ကိုင်နိုင်မှု အရည်အသွေးများလည်း ရရှိခြင်းနှင့် မိမိတို့အလုပ်အပေါ် ထားရှိရမည့် ကောင်းမွန်သော Mindset နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်အထောက် အကူပြုနိုင်မည့် ခံယူချက်များကို ပေးစွမ်းနိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်