Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ်(I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် တရုတ် - မြန်မာ နှစ်နိုင်ငံ အစိုးရနှင့် လွှတ်တော်များအကြား ချစ်ကြည်ရေး ပိုမိုကောင်း မွန်လာစေရေး၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုလုပ်ငန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံံပွဲသို့ ကော်မတီအတွင်းရေးမှူးနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်