Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များမှတစ်ဆင့် အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူအချင်းချင်းတွင် စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံ ရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဇာနည်မင်း၊ ဒေါက်တာဒေါ်ရွှေပုံ၊ ဒေါ်ခင်နှင်းသစ် နှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ  ၁၈  ရက်