Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့်နိုင်ငံတကာရေးရာ ဥက္ကဋ္ဌ၊ ပြင်သစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres အား လက်ခံတွေ့

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဉီးတီခွန်မြတ် သည် ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌ၊ ပြင်သစ်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြင်သစ်-မြန်မာ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုခိုင်မာအောင် မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြင်သစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ အခန်းကဏ္ဍများနှင့် နိုင်ငံအတွင်းတွင် နယ်ပယ်အသီးသီးရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေမှုများအပြင် ကောင်စီအနေဖြင့် နိုင်ငံတကာ လွှတ်တော်များမှ အတိုင်ပင်ခံကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်