Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်မှ စတင်ဆွေးနွေးသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုပုံ အဆင့်ဆင့်၊ အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုပုံ အဆင့်ဆင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ တင်သွင်းသည့် ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုပုံ အဆင့်ဆင့်၊ ပြည်ထောင်စုလွှတ်တော်မှ (အသစ်၊ ပြင်ဆင်၊ ရုတ်သိမ်း) ပြဋ္ဌာန်းပြီးသည့် ဥပဒေများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကော်မတီမှ တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်