Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေမှူး  ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်  Energize Myanmar Co., Ltd မှ Mr. Billy Harkin  ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် သည် Energize Myanmar Co., Ltd မှ Mr. Billy Harkin ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။   

တွေ့ဆုံရာတွင် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆက်လက် လုပ်ဆောင် ခွင့်ပြုနိုင်ရေးနှင့်  လျှပ်စစ်ဓါတ်အားခ အရှုံးပေါ်မှုကိစ္စရပ်များအား ကူညီဖြေရှင်းပေးနိုင်မည့် လုပ်ငန်းအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်