Skip to main content

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် ဖင်လန်နိုင်ငံ Trimble Solutions Oy မှ Regional Director Mr. Pekka Hamalainen ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် ဖင်လန်နိုင်ငံ Trimble Solutions Oy မှ Regional Director Mr. Pekka Hamalainen ဦးဆောင်သော အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။         

တွေ့ဆုံရာတွင် မွန်ပြည်နယ်တွင် Public - Sector Investment Facility (PIF) စီမံကိန်း လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ခေတ်မီနည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများအား ဖင်လန်နိုင်ငံမှ အကူအညီဖြင့် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ လျှပ်စစ်ဓါတ်အားဆုံးရှုံးမှုလျှော့ချရေး လုပ်ငန်းအခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်