Skip to main content

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းသည် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-3) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်သန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်