Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မှေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူလွှတ်တော်၊ စိုက်ပျိုးရေး၊ မှေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကော်မတီမှ တာဝန်ယူစိစစ်ရသည့် ဥပဒေကြမ်းများ၊ ဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များ၊ အစိုးရ အဖွဲ့အစည်းများနှင့် အပြန်အလှန် ထိန်းညှိဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များမှ        သိရှိလိုသည်များ မေးမြန်းကြရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်